
crd
unicode
ဂျက်ဂျက်လေးနဲ့အတူ အသည်းယားစရာကောင်းတဲ့ ပို့စ်လေးတွေမျိုးစုံပေးကာ ဓာတ်ပုံရိုက်ကူးနေတဲ့ Scarlett ရဲ့ ပုံလေးတွေကို ဝေမျှလာတဲ့ အာဘွိုင်း
အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားသူပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးရဲ့ အိမ်မှုကိစ္စနိုင်နင်းမှုနဲ့ ပြုစုယုယမှုတွေကြောင့် အမြဲ စိတ်ချမ်းသာနေရတဲ့ အာဘွိုင်းကို ယောကျာ်းလေးပရိသတ်တွေကပါ အားကျရတာလည်း ဖြစ်ပါတယ်။
အာဘွိုင်းကလည်း ချစ်ဇနီးချောလေးအတွက် ခင်ပွန်းကောင်းအဖြစ် ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးပြီး လက်တွဲခိုင်မြဲကြတာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ သမီးနဲ့သားလေးကလည်း ဖေဖေ မေမေတို့ရဲ့ အလှအပတွေကို အကုန်စုစည်းပြီး ရရှိထားပါသေးတယ်နော်။
ယနေ့မှာ တော့ scarlett လေးက နန်းမြတ်ရဲ့ သားလေး ဂျက်ဂျက်နဲ့အတူ အမှတ်တရ ပုံလေးတွေကို ရိုက်ကူးထားတာကို တွေ့ရပါတယ် ။ ပုံတိုင်းမှာ လူကြီးတွေလို အိုက်တင်တွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။