



Credit

UNICODE
နားထောင်သူတိုင်း မျက်ရည်ကျအောင် ခံစားရတဲ့ ဖမ်းဆီးခံထားရတဲ့ကာလတွေမှာ အိမ်နဲ့ ဝေးကွာ နေတဲ့ရက်တွေကို ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းရင်းကို ရင်ဖွင့်လာတဲ့ ဝင်းမင်းသန်း…

Social Influencer & Beauty Blogger တစ်ဦးဖြစ်တဲ့ မဝင်းမင်းသန်းက ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့သူဖြစ်ပါပြီး အမှန်တရားအတွက်ဆိုရင် ဘာကိုမှမကြောက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ စကွင်းကဲ ဘုရင်မလို့ တင်စားခေါ်ခံထားရတဲ့ Glow Nation မဝင်းမင်းသန်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ သူလည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်ပြတ်သွားခဲ့ပေမယ့် သူမကိုတော့ လူတိုင်းက ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

မဝင်းမင်းသန်းကို အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံကြတာ ဖြစ်ပါတယ်။ အင်းစိန်အကျဥ်း‌ထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လခန့်အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် အောက်တိုဘာ၂၈ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်။
Credit

Leave a Reply

Your email address will not be published. Required fields are marked *