



Credit

UNICODE
မထင်မှတ်ထားလောက်အောင်ကြည်ညိုဖွယ်ကောင်းလှတဲ့ မြတ်စွာဘုရားရဲ့ပုံတော်ကို ကိုယ်တိုင်ရေးဆွဲပူဇော်ခဲ့တဲ့ ပိုင်တံခွန်

အသက်ငယ်ငယ်လေးနဲ့နိုင်ငံတစ်ကာထိအောင်မြင်မှုတွေရရှိနေတာကတော့ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ထိန်းသိမ်းခံရပြီး လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း လူမှုကွန်ရက်မှာအားပေးသူအပြည့်နဲ့အောင်မြင်နေတာပါ။ပိုင်တံခွန်ဟာဆိုရင် လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေများစွာကိုတင်ပေးလေ့ရှိတာပါ။

ပိုင်တံခွန်ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပရိသတ်အချို့နဲ့ နားလည်မှုကွဲလွဲခဲ့တာကြောင့် သူ့ရဲ့အလုပ်တွေကိုလျှော့ချလိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ရက်အနည်းငယ်ပျောက်ကွယ်နေခဲ့တာပဲဖြစ်ပါတယ်။ချစ်တဲ့ပရိသတ်တွေနဲ့ ရက်အနည်းငယ်ဝေးကွာနေခဲ့တဲ့ အချိန်မှာ သူဘာတွေလုပ်နေလည်းဆိုတာကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။ ပိုင်တံခွန်က မြတ်စွာဘုရားရဲ့မျက်နှာတော်ပုံကို သူ့ရဲ့ပန်းချီပညာနဲ့ ရေးဆွဲပူဇော်ခဲ့ပြီး စိတ်ထွက်ပေါက်အနေနဲ့ ထိုပန်းချီကားလေးကို ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ပိုင်တံခွန်ကတော့ ဝါသနာရှင်အဆင့်တောင်မဟုတ်ပဲ ကျွမ်းကျင်အဆင့်တောင်ရှိတဲ့ ပန်းချီလက်ရာကို ရေးဆွဲနိုင်သူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရေးဆွဲပူဇော်ခဲ့တဲ့ မြတ်စွာဘုရားပုံတော်ကိုကြည့်ပြီး ကြည်ညိုနေမိမယ်လို့ ထင်ပါတယ်နော်။ပိုင်တံခွန်ကိုယ်တိုင်ရေဆွဲပူဇော်ထားတဲ့မြတ်စွားဘုရားရဲ့ပုံတော်ဟာဆိုရင် တကယ်ကိုသပ္ပယ်လွန်တာတော့အမှန်ပါပဲနော်..။
Credit

Add a Comment

Your email address will not be published. Required fields are marked *