လက္တစ္ဖက္မရွိေတာ့တဲ့ ျပည္သူ႔ရဲေဘာ္ေလးရဲ႕ ေတာင္းဆုတစ္ခုကို အားလုံးသိေအာင္ ေျပာျပေပးခဲ့တဲ့ လင္းလင္း
|လက္တစ္ဖက္မရွိေတာ့တဲ့ ျပည္သူ႔ရဲေဘာ္ေလးရဲ႕ ေတာင္းဆုတစ္ခုကို အားလုံးသိေအာင္ ေျပာျပေပးခဲ့တဲ့ လင္းလင္း
ပရိသတ္ေတြ အားေပးခ်စ္ခင္မူ႔ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ လင္းလင္း ကိုေတာ့ သီခ်င္းခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။ ကိုယ္တိုင္ဖန္တီးသီဆိုထားတဲ့ သီခ်င္းေကာင္းမ်ားစြာ ထြက္ရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ႀကီးတစ္ဦးျဖစ္ပါတယ္။ ဒါအျပင္ မင္းသမီး ခ်စ္သုေဝ နဲ႔ အိမ္ေထာင္တစ္ခုကို ထူေထာင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။
လက္ရွိ ႏိုင္ငံေရးအေျခအေနေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္ က်ရာတာဝန္ေတြကို တတ္ႏိုင္တဲ့ဘက္ကေန ထမ္းေဆာင္ေနပါတယ္။ အဆိုေတာ္ လင္းလင္း ကေတာ့ ေတာ္လွန္ေရးအတြက္ ျပည္သူေတြေသြးမေအးသြားေစဖို႔ လူမႈ႕ကြန္ယက္ေပၚကေန အၿမဲတမ္းလႈံ႕ေဆာ္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ျပည္သူ႔ရဲေဘာ္ေလးတစ္ဦး ရဲ႕ ေတာင္းဆုေလးတစ္ခုကို အားလုံးသိရေအာင္ အခုလိုပဲ တစ္ဆင့္ေျပာျပေပးခဲ့ပါတယ္။
” ေထြထူးၿပီး အိမ္ေရွ႕ထြက္ ဖေယာင္းတိုင္ထြန္းမေနေတာ့ပါဘူး,,, အညာေဒသသာမက တိုင္းရင္းသားေဒသေတြပါမက်န္ တႏိုင္ငံလုံး နယ္ေျမအလိုက္ အျပင္မီးေရာ အတြင္းမီးပါ ပူေဇာ္ေနမင့္ဟာဘဲကို,,,, လက္ယက္ကုန္းက ကေလးေတြျဖစ္ရပ္နဲ႔ စေနေထာင့္ မိုးသားမည္းလိပ္ေတြ တက္လာၿပီး မိုး႐ြာခ်တာ ဘယ္ဟာက ကံ၊ ကံ၏အက်ိဳး ပိုစစ္သလဲေတာ့ က်ေနာ္မသိပါဘူး,,,
ေလာကီဓမၼကို သက္ဝင္ယုံၾကည္ၿပီး လက္တဖက္ေပ်ာက္သြားတဲ့ ရဲေဘာ္ညီေလးကေတာ့ သူ႔လက္တဖက္ ျပန္ေပၚလာရင္ေကာင္းမွာဘဲတဲ့,,, အရွင္ဘုရားကို ထိျခင္း ငါးပါးနဲ႔ သီတင္းကြၽတ္ ကန္ေတာ့ခ်င္လို႔တဲ့,,,,”လို႔ အဆိုေတာ္ လင္းလင္း ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။ ျပည္သူ႔ရဲေဘာ္ေလး ရဲ႕ ေတာင္းဆုေတြ အျမန္ဆုံးျပည့္ပါေစလို႔ ဆုေတာင္းစကားေလးေတြ ေကာမန႔္မွာ ေရးသားသြားေပးခဲ့ပါအုန္းေနာ္။
Credit
UNICODE
လက်တစ်ဖက်မရှိတော့တဲ့ ပြည်သူ့ရဲဘော်လေးရဲ့ တောင်းဆုတစ်ခုကို အားလုံးသိအောင် ပြောပြပေးခဲ့တဲ့ လင်းလင်း
ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပေမယ့် ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။ အဆိုတော် လင်းလင်း ကတော့ တော်လှန်ရေးအတွက် ပြည်သူတွေသွေးမအေးသွားစေဖို့ လူမှု့ကွန်ယက်ပေါ်ကနေ အမြဲတမ်းလှုံ့ဆော်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပြည်သူ့ရဲဘော်လေးတစ်ဦး ရဲ့ တောင်းဆုလေးတစ်ခုကို အားလုံးသိရအောင် အခုလိုပဲ တစ်ဆင့်ပြောပြပေးခဲ့ပါတယ်။
” ထွေထူးပြီး အိမ်ရှေ့ထွက် ဖယောင်းတိုင်ထွန်းမနေတော့ပါဘူး,,, အညာဒေသသာမက တိုင်းရင်းသားဒေသတွေပါမကျန် တနိုင်ငံလုံး နယ်မြေအလိုက် အပြင်မီးရော အတွင်းမီးပါ ပူဇော်နေမင့်ဟာဘဲကို,,,, လက်ယက်ကုန်းက ကလေးတွေဖြစ်ရပ်နဲ့ စနေထောင့် မိုးသားမည်းလိပ်တွေ တက်လာပြီး မိုးရွာချတာ ဘယ်ဟာက ကံ၊ ကံ၏အကျိုး ပိုစစ်သလဲတော့ ကျနော်မသိပါဘူး,,,
လောကီဓမ္မကို သက်ဝင်ယုံကြည်ပြီး လက်တဖက်ပျောက်သွားတဲ့ ရဲဘော်ညီလေးကတော့ သူ့လက်တဖက် ပြန်ပေါ်လာရင်ကောင်းမှာဘဲတဲ့,,, အရှင်ဘုရားကို ထိခြင်း ငါးပါးနဲ့ သီတင်းကျွတ် ကန်တော့ချင်လို့တဲ့,,,,”လို့ အဆိုတော် လင်းလင်း ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပြည်သူ့ရဲဘော်လေး ရဲ့ တောင်းဆုတွေ အမြန်ဆုံးပြည့်ပါစေလို့ ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
Credit