Credit
UNICODE
သီချင်းစရေးဖြစ်ချိန်မှာ ပထမဆုံးရေးစပ်ခဲ့တဲ့ သီချင်းလေးကို ပရိတ်သတ်တွေအတွက် မျှဝေဖော်ပြလာခဲ့တဲ့ စေတလုံးမောင်ဘုန်း
မင်းဘုန်းမြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူပါ။
ဒါ့အပြင် နောက်ပိုင်းမှာ အဆိုတော်တစ်ယောက်အနေနဲ့လည်း တေးသီချင်းတွေကို သီဆိုနေခဲ့ပါသေးတယ်။ မနေ့ကတော့ မင်းဘုန်းမြတ်ကတော့ သူ့သီချင်းတွေကို စတင်ဖန်တီးခဲ့စဉ်က ပထမဆုံးရေးသားခဲ့တဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “ငှက်သာဖြစ်ရင်”လို အမည်ပေးထားခဲ့ပါသေးတယ်။
မင်းဘုန်းမြတ်ကတော့ “လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်က သီချင်းစရေးဖြစ်တော့ ပထမဆုံးရေးခဲ့တဲ့ သီချင်း အဲ့တုန်းက အတွေးတချို့ပေါ့” ဒီသီချင်းလေးကို လွန်ခဲ့တဲ့ (၄)နှစ်ကအတွေးတချို့နဲ့ရေးသားထားခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ကတော့ သရုပ်ဆောင်ရော အဆိုတော်ရော တေးရေးမှာပါ ပါရမီရှိလွန်းလှပါပေတယ်နော်။
Credit