crd
unicode
သူ့ရဲ့ချစ်တူလေး လမင်းတံခွန်ရဲ့မွေးနေ့မှာ တူလေးလိုချင်တဲ့ လက်ဆောင်တွေမှန်သမျှ အကုန်ဝယ်ပေးခဲ့တဲ့ ပိုင်တံခွန်
ပရိသတ်ကြီးရေေ..ေ.မာ်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာပါရေပန်းစားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန် ဟာပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံရပြီး မကြာသေးခင်ကပဲလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အခြားအနုပညာရှင်တွေနဲ့အတူလွတ်မြောက်လာခဲ့တာပါ။
ဒါကြောင့် ပိုင်တံခွန်ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ မိသားစု၊အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်များအားလုံး ဝမ်းသာနေကြတာလဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ပိုင်တံခွန်ကအခုအတောအတွင်းလက်ခံထားတဲ့အလုပ်တွေကို သူ့ဘက်ကနေတရားဝင်ဖျက်သိမ်းလိုက်ကြောင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်နော်။
ပိုင်တံခွန်ဟာမိဘကိုသိတတ်လိမ္မာတဲ့သားလိမ္မာတစ်ဦးလဲ ဖြစ်ပါတယ်။မိသားစုကိုအရာရာဖြည့်ဆည်းပေးချင်တဲ့ပိုင်တံခွန်က ဧပြီလ(၉)ရက်နေ့ကကျရောက်ခဲ့တဲ့ သူ့ရဲ့တူလေးဖြစ်တဲ့လမင်းတံခွန်ရဲ့မွေးနေ့လေးမှာ တူလေးလိုချင်တဲ့လက်ဆောင်တွေအကုန်ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်နော်.။
ပိုင်တံခွန်ဟာဆိုရင်မိသားစုကိုချစ်တဲ့ သူတစ်ယောက်ဖြစ်ပြီးမိသားစတွေလိုအပ်သမျှကိုဖြည့်ဆည်းပေးချင်တဲ့ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ပရိတ်သတ်တွေလည်း ပိုင်တံခွန်တူဝရီးနှစ်ယောက်ပျော်ရွှင်နေတဲ့ပုံလေးကိုကြည့်ပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်နော်