



Credit

UNICODE
နားထောင်သူတိုင်း မျက်ရည်ကျအောင် ခံစားရတဲ့ ဖမ်းဆီးခံထားရတဲ့ကာလတွေမှာ အိမ်နဲ့ ဝေးကွာ နေတဲ့ရက်တွေကို ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းရင်းကို ရင်ဖွင့်လာတဲ့ ဝင်းမင်းသန်း…

Social Influencer & Beauty Blogger တစ်ဦးဖြစ်တဲ့ မဝင်းမင်းသန်းက ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်တဲ့သူဖြစ်ပါပြီး အမှန်တရားအတွက်ဆိုရင် ဘာကိုမှမကြောက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ စကွင်းကဲ ဘုရင်မလို့ တင်စားခေါ်ခံထားရတဲ့ Glow Nation မဝင်းမင်းသန်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ သူလည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်ပြတ်သွားခဲ့ပေမယ့် သူမကိုတော့ လူတိုင်းက ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

မဝင်းမင်းသန်းကို အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံကြတာ ဖြစ်ပါတယ်။ အင်းစိန်အကျဥ်း‌ထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လခန့်အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် အောက်တိုဘာ၂၈ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်။
Credit





Credit

[UNICODE]
မြင်ရသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရအောင် အမိုးဖွင့်ပြိုင်ကားသစ်လေးကိုကိုယ်တိုင်မောင်းရင်း ဘယ်လောက်တောင်ချမ်းသာကြောင်း ပြသလိုက်တဲ့ မိုးဟေကို

ရှေးကုသိုလ်ကံကြောင့် တော်ဝင်ဆန်တဲ့အလှတရားတွေ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အနေအေးပြီး စကားပြောချိုသာလွန်းတဲ့ မိုးရဲ့ပုံစံလေးကြောင့်လည်း ယောကျာ်းလေး ပရိသတ်တွေက ကြွေပြီးရင်းကို ကြွေနေရတာလည်း ဖြစ်ပါတယ်။ မိုးဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ အမြဲလိုလိုလည်း သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို vlog လေးတွေ ရိုက်ကူးကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း မိုးရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
Credit





Credit

UNICODE
ပရိသတ်တွေအရမ်းကိုသိချင်နေကြတဲ့သူမရဲ့ချစ်သူကောင်လေးကို ဗီဒီယိုနဲ့တကွထုတ်ကြွားလိုက်တဲ့ နေခြည်ဦး

တစ်ချိန်ကပရိသတ်တွေကြားအောင်မြင်ခဲ့တဲ့ နေခြည်ဦးကတော့ခုမှာ ပုံရိပ်လေးတွေတင်ရင်းပရိသတ်တွေကြားပြန်ရောက်ရှိနေတာပါ။ သူမဟာတစ်ချိန်ကမြန်မာနိုင်ငံရဲ့ထိပ်တန်း အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါမယ့် အာဏာသိမ်းပြီးနောက်ဝေဖန်မှုတွေများစွာကြုံရင်းပျောက် ကွယ်နေခဲ့တာပါ။

အခုပရိသတ်တွေကြားပြန်ရောက်လာပေမယ့်လည်း အရင်လိုအားပေးမှုတွေနဲ့ဝေးကွာခဲ့တာပါ။ ဒါပေမယ့်လည်းသူမ လုပ်စရာရှိတာတွေကိုတောက်လျောက်လုပ်ကိုင်နေတာပါ။ ခုမှာလည်းပရိသတ်တွေအံ့သြစေတဲ့video လေးကိုတင်ထားတာပါ။ အရင်ပုံရိပ်လေးတွေကတည်းကချစ်သူလို့ထင်ရတဲ့ပုံလေးတွေကိုတင်ခဲ့ဘူးတာပါ။

ဒါမယ့်ခုမှာတော့ချစ်သူလေးနဲ့တူတူ ထမင်းဟင်းတွေချက်ရင်း ပျော်ရွှင်စရာကေင်းတဲ့ အချိန်လေးကို ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။ နှစ်ယောက်ဘယ်လိုတောင်ကြည်နူးနေလဲဆိုတာကတော့အောက်ကvideoလေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။
Credit






Credit

UNICODE
Miss Grand Mandaly ပြိုင်ပွဲမှာ ပရိတ်သတ်တွေကြား ရေပန်းအစားဆုံးဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ တူမလေး ကျော်ကျော်အိန္ဒြာ

အွန်လိုင်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ အနုပညာဝါသနာပါတဲ့ တူမလေး ကျော်ကျော်အိန္ဒြာကို မြေတောင်မြှောက်ပေးနေတာပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိန္ဒြာက အခုဆိုရင် မန္တလေးမြို့မှာကျင်းပပြုလုပ်တဲ့ Miss Grand Mandaly အလှမယ်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

Miss Grand Mandaly ပြိုင်ပွဲမှာ ပရိသတ်တွေချစ်ကြတဲ့ အွန်လိုင်းဆယ်လီမလေး စုစုလည်း ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ SPONSOR VISITS အဖြစ် စပွန်ဆာပေးတဲ့လုပ်ငန်းတွေဆီ လည်ပတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

စုစုနဲ့ အိန္ဒြာကျော်ကျော်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်နေပြီဖြစ်ပြီး ဓာတ်ပုံတွေအတူတူရိုက်ကူးခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။ Miss Grand Mandaly ပြိုင်ပွဲမှာ အိန္ဒြာကျော်ကျော်က ခါးနံပါတ် (၁) နေရာကနေ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး စုစုကတော့ ခါးနံပါတ် (၅) နေရာကနေ ပါဝင်ယှဉ်ပြိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း စုစုနဲ့ အိန္ဒြာကျော်ကျော်တို့ကို အားပေးဝန်းရံပေးကြပါဦးနော်။
Credit







Credit

UNICODE
ပိုင်တံခွန်နဲ့ ချွတ်စွပ်တူလို့ မိန်းကလေး ပရိတ်သတ်တွေကြားမှာ နမည်ကြီးနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် သူရဟိန်း….

မော်ဒယ်လောက ကနေတစ်ဆင့် အနုပညာလမ်းပေါ်ကို လျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူကတော့ ပြည်သူ့မင်းသားချော ပိုင်တံခွန်ပဲဖြစ်ပါတယ်။

ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင် အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း ဗီယက်နမ် တရုတ် စတဲ့နိုင်ငံတွေ အပြင် ဥရောပနိုင်ငံတစ်ချို့က ပရိတ်သတ်တွေပါအားပေးခြင်းခံခဲ့ရတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်နဲ့တူလို့ နာမည်ကြီးနေပြီး သရုပ်ဆောင် သူရဟိန်းက ဇာတ်လမ်းတွဲတွေ စတင် ရိုတ်ကူးနေပြီ မလို့ အားပေးကြဖို့ ပရိသတ်ကြီး ကို ပြောပြလာတာ ဖြစ်ပါတယ်။

သူရဟိန်းက ကျွန်တော် တစ်ချက် တစ်ချက် ရယ်လိုက်ရင် ကိုပိုင်တံခွန်နဲ့ တူတယ်လို့ ပြောကြတယ်။ သူ့ဆီက အတုခိုးရတဲ့ အရာလေးတွေ ရှိပေမဲ့ တမင်သက်သက် တူအောင် လိုက်လုပ်တာမျိုးတော့ မရှိဘူးဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီး ရဲ့ အမြင်လေးတွေကိုလည်း ပြောခဲ့ပေးပါဦးနော်…ဖတ်ရှုပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်နော်…
Credit

တစ်ပွဲ(၁၅၀၀) နဲ့ရောင်းချမယ့် မြေအိုးဇလုံထမင်းဆိုင်လေးကို စမ်းချောင်းမြို့နယ်မှာပဲ ဖွင့်လှစ်ခဲ့တဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)




Credit

UNICODE
နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) ဟာ အခုဆိုရင် သူ့ရဲ့

ဝါသနာကြောင့်လုပ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းအသေးလေးတစ်ခုကို စတင်ခဲ့ပြီပဲဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) က “ရွှေစမ်းချောင်း.. မြေ အိုးဇလုံထမင်းဆိုင်လေးမှာလာရောက်အားပေးသုံးဆောင်နိုင်ပါပြီရှင်။

တပွဲ မှ ၁၅၀၀ တန်မှတန် မနက် ၉နာရီကျော်ကျော် ဆီုဖွင့်ပြီ ၁နာရီကျော်ဆိုကုန်ပြီ စီးပွါးဖြစ်ထက် ဝါသနာပါလို့ လုပ်တာပါနော်။ ချစ်တဲ့သူတွေလာရောက် သုံးဆောင်နိုင်ပါပြီ။ အလှူပွဲများအတွက်လည်အော်ဒါလက်ခံပါတယ်နော် ” ဆိုပြီး သူကိုယ်တိုင်ရောင်းချမယ့် (၁၅၀၀) တန် မြေအိုးဇလုံထမင်းဆိုင်လေးအကြောင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ စီးပွားရေးအတွက်မဟုတ်ပဲ သူ့ရဲ့ဝါသနာကြောင့် တစ်ပွဲ(၁၅၀၀) နဲ့ရောင်းချမယ့် မြေအိုးဇလုံထမင်းဆိုင်လေးကို သူချစ်တဲ့ စမ်းချောင်းမြို့နယ်မှာပဲ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) ရဲ့ ဆိုင်လေး နေ့စဉ်နေ့တိုင်းရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit





Credit

UNICODE
ငယ်စဉ်က သူမသရုပ်ဆောင်ခဲ့တဲ့ သီချင်းဗီဒီယိုလေးကို သူမရဲ့အမိုက်စားအိမ်ကြီးထဲကရုပ်ရှင်ရုံမှာ အလွမ်းပြေကြည့်နေတဲ့ စမိုင်းလ်

စမိုင်းလ်ဆိုတာနဲ့ပရိသတ်တွေအားကျရတဲ့သူတစ်ယောက်ပါ။ စည်းစိမ်ချမ်းသာတွေအပြည့်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။ သူတို့မိသားစုရဲ့ချမ်းသာမှုတွေကလည်းအားကျမတက်ပါ။

အမိုက်စားဇိမ်ခံအိမ်တွေ၊နာမည်ကျော်ပြိုင်ကားတွေနဲ့ကိုယ်ပိုင်လေယာဉ်တွေပါပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လူမှုကွန်ရက်ကနေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းချပြလေ့ရှိတာပါ။ သမီးလေးနှစ်ယောက်လည်းရှိပြီး နှစ်ယောက်လုံးကလည်းအားကျစရာပါ။

စမိုင်းလ်ဟာငယ်စဉ်ဘဝကလည်းအနုပညာအလုပ်တွေလုပ်ခဲ့သေးတာပါ။ အခုမှာလည်း သူမငယ်စဉ်သရုပ်ဆောင်ခဲ့တဲ့ mtvလေးကိုကြည့်နေတာပါ။ နာမည်ကျော်အဆိုတော်ကြီးရဲ့MTVမှာပါဝင်ခဲ့တဲ့သူမပုံရိပ်တွေကိုလည်းကြည့်ပေးကြပါဦးနော်။
Credit





Credit

UNICODE
သီချင်းစရေးဖြစ်ချိန်မှာ ပထမဆုံးရေးစပ်ခဲ့တဲ့ သီချင်းလေးကို ပရိတ်သတ်တွေအတွက် မျှဝေဖော်ပြလာခဲ့တဲ့ စေတလုံးမောင်ဘုန်း

မင်းဘုန်းမြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူပါ။

ဒါ့အပြင် နောက်ပိုင်းမှာ အဆိုတော်တစ်ယောက်အနေနဲ့လည်း တေးသီချင်းတွေကို သီဆိုနေခဲ့ပါသေးတယ်။ မနေ့ကတော့ မင်းဘုန်းမြတ်ကတော့ သူ့သီချင်းတွေကို စတင်ဖန်တီးခဲ့စဉ်က ပထမဆုံးရေးသားခဲ့တဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “ငှက်သာဖြစ်ရင်”လို အမည်ပေးထားခဲ့ပါသေးတယ်။

မင်းဘုန်းမြတ်ကတော့ “လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်က သီချင်းစရေးဖြစ်တော့ ပထမဆုံးရေးခဲ့တဲ့ သီချင်း အဲ့တုန်းက အတွေးတချို့ပေါ့” ဒီသီချင်းလေးကို လွန်ခဲ့တဲ့ (၄)နှစ်ကအတွေးတချို့နဲ့ရေးသားထားခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ကတော့ သရုပ်ဆောင်ရော အဆိုတော်ရော တေးရေးမှာပါ ပါရမီရှိလွန်းလှပါပေတယ်နော်။
Credit


သူမနဲ့လက်ရှိတွဲနေတဲ့ ချစ်သူချောချောလေးကိုမြင်ပြီး အားလုံးအံ့သြသွားရအောင် ထုတ်ကြွားလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)



Credit

UNICODE
သူမရဲ့ ချစ်သူကောင်လေးချောချောလေးအား မိန်းကလေးပရိတ်သတ်တွေ ထိုင်ငိုသွားအောင် ထုတ်ကြွားလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)

ညီညီမောင်ဆိုတာနဲ့ပရိသတ်ချစ်တဲ့မိတ်ကပ် Artistတစ်ယောက်ပါ။ ထိပ်တန်းတစ်ယောက်ဖြစ်ပြီးပရိသတ်အားပေးလက်ခံမှုကိုရရှိထားတာပါ။သူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်းခုလိုရပ်တည်နိုင်တာပါ။

မမသုလို့အများကချစ်စနိုးနဲ့ခေါ်ကြပါတယ်။ ပရိသတ်တွေချစ်ရတဲ့သူတွေကိုလည်းအမြဲစနောက်ပြီးပျော်ရွှင်စေတက်သူပါ။ လူမှုကွန်ရက်မှာအားပေးသူပရိသတ်တွေများစွာနဲ့ချစ်ဖို့ကောင်းနေတာပါ။

အခုမှာတော့မမသုတစ်ယောက် ပရိသတ်တွေကိုအံ့သြစေခဲ့ပါပြီ။ သူမရဲ့လူမှုကွန်ရက်ကနေ သူမချစ်သူလေးကိုချပြလိုက်တာပါ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေလဲအောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။
Credit





Credit

UNICODE
ချစ်ရတဲ့သူတွေကြောင့် မွေးနေ့လေးက ပြီးပြည့်စုံခဲ့ရပြီလို့ ပြောလာတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထား

မင်းသမီးချောလေး နောဖောအယ်ထားကတော့ သေးသေးသွယ်သွယ်လေးနဲ့ ချစ်စရာကောင်းပြီး အနုပညာနယ်ပယ်မှာ အောင်မြင်မှုနေရာတစ်ခုရရှိထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နော်ဖေအယ်ထားက လွှမ်းပိုင်နဲ့အတူ ဇာတ်လမ်းတွဲတွေ ရိုတ်ကူးနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ အသက် (26) နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ မွေးနေ့လေးကို ချစ်ရတဲ့ပရိသတ်တွေကြောင့် ပြီးပြည့်စုံခဲ့ရကြောင်းပြောပြလာတာလည်း ဖြစ်ပါတယ်။
Credit

Insight

Exit mobile version