Credit
UNICODE
CDM ဗိုလ်ကြီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းကိုအားပေးကြပါအုန်းဆိုတဲ့ ကိုပေါက်
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အမှန်တရားအတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေကို စိတ်ဓာတ်မကျစေဖို့ အမြဲတမ်းအားပေးနေပြီး သွေးမအေးသွားစေဖို့အတွက်လဲ အမြဲတမ်းလှုံ့ဆော်နေသူလဲ ဖြစ်ပါတယ်။
တော်လှန်ရေးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲတွေမှာလဲ အမြဲတမ်းလိုလိုပါဝင်နေတာကိုလဲ တွေ့ရပါတယ်။ ဒီတစ်ခါမှာလဲ တော်လှန်ရေးရန်ပုံငွေအနေနဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတွဲကို ကြည့်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ “ဒါရိုက်တာကိုပေါက် ဆိုတဲ့နာမည်ကိုသုံးပြီး ကျနော့ရဲ့ တော်လှန်ရေးအနုပညာတစ်ခု ချပြဖို့အချိန်ရောက်လာပါပြီ။ “မသောက်မိသော မိုးခါးရေ” ဒီဇာတ်လမ်းတိုရုပ်ရှင်ကို သရုပ်ဆောင်မဟုတ်သော
လွတ်မြောက်နယ်မြေရောက်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးရဲဘော်များ တိုင်းရင်းသားများနှင့် ရိုက်ကူးထားပါသည်။(ဒီရုပ်ရှင်မှာ pro သရုပ်ဆောင် တစ်ယောက်မှမပါဝင်ထားပါဘူး)ဒီဇာတ်လမ်းသည် CDMဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်အမှန်ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။ PDF နှငျ့ တိုငျးရငျးသားအဖှဲ့တှကေ စစျမွပွေငျမှာ ရငျဆိုငျတိုကျပှဲတှတျေိုကျရငျး ရနျသူစစျသားတှတေစျယောကျပွီးတစျယောကျကဆြုံးအောငျ အမှညျ့ခြှခွှေနေပေါတယျ။
ကျနော်ကတော့အနုပညာလက်နက်နဲ့ စစ်သားနဲ့ရဲတွေတစ်ယောက်ပြီးတစ်ယောက် ပြည်သူနဲ့ပူးပေါင်းဖို့ ဒီရုပ်ရှင်နဲ့ ဖိတ်ခေါ်နေပါတယ်။ CDM စစ်သားတစ်ယောက် တိုးလာခြင်းဟာ ရှေ့တန်းသွားမယ့်စစ်သားတစ်ယောက် ကျဆုံးခြင်းပါပဲ။ ဒီဇာတ်ကားကိုရိုက်ရတဲ့ရည်ရွယ်ချက်က ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသော စစ်သားနှင့်ရဲ များကိုလေးစားဂုဏ်ပြုသောအားဖြင့် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ပြည်သူနဲ့အတူပူးပေါင်းဖို့လည်း ဖိတ်ခေါ်ခြင်းအနေနဲ့ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့ပါသည်။ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူတွေအများကြီးရှိပါတယ်။ မသောက်မိသော မိုးခါးရေ မှရရှိမည့်ဝင်ငွေများကို သက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀%လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမည်ဖြစ်ပါသည်” လို့ ဒါရိုက်တာ ကိုပေါက် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
Credit