Credit
UNICODE
Miss Grand Mandaly ပြိုင်ပွဲမှာ ပရိတ်သတ်တွေကြား ရေပန်းအစားဆုံးဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ တူမလေး ကျော်ကျော်အိန္ဒြာ
အွန်လိုင်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ အနုပညာဝါသနာပါတဲ့ တူမလေး ကျော်ကျော်အိန္ဒြာကို မြေတောင်မြှောက်ပေးနေတာပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိန္ဒြာက အခုဆိုရင် မန္တလေးမြို့မှာကျင်းပပြုလုပ်တဲ့ Miss Grand Mandaly အလှမယ်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
Miss Grand Mandaly ပြိုင်ပွဲမှာ ပရိသတ်တွေချစ်ကြတဲ့ အွန်လိုင်းဆယ်လီမလေး စုစုလည်း ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ SPONSOR VISITS အဖြစ် စပွန်ဆာပေးတဲ့လုပ်ငန်းတွေဆီ လည်ပတ်ခဲ့ကြတာပဲဖြစ်ပါတယ်။
စုစုနဲ့ အိန္ဒြာကျော်ကျော်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်နေပြီဖြစ်ပြီး ဓာတ်ပုံတွေအတူတူရိုက်ကူးခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။ Miss Grand Mandaly ပြိုင်ပွဲမှာ အိန္ဒြာကျော်ကျော်က ခါးနံပါတ် (၁) နေရာကနေ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး စုစုကတော့ ခါးနံပါတ် (၅) နေရာကနေ ပါဝင်ယှဉ်ပြိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း စုစုနဲ့ အိန္ဒြာကျော်ကျော်တို့ကို အားပေးဝန်းရံပေးကြပါဦးနော်။
Credit