



crd

unicode
Pre Wedding ပုံတွေအများကြီးရိုက်ထားပြီး မင်္ဂလာဆောင်ခါနီးကြမှ ရောဂါပိုးကူးစက်ခံလိုက်ရကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ စိန်ဖြိုးလှိုင်

ပရိသတ်ကြီးရေ…..မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ချိန်က ‘မောင်’ ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ရပ်တည်ခဲ့တာဖြစ်ပြီဇာတ်ကားပေါင်းစွာ ရိုက်ကူးခဲ့တဲ့သူပါ။ အခုချိန်မှာဆိုရင်တော့ဒေါက်တာစိန်ဖြိုးလှိုင်ဟာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်….။

စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးကတော့ စိတ်တူကိုယ်တူနဲ့ပျော်စရာလေးတွေကို ပရိသတ်တွေကို ဝေမျှပေးလေ့ရှိတာကြောင့် ပရိသတ်များက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ပျော်စရာလေးတွေကိုလည်း အတူတကွလုပ်တတ်ကြသလို အလှူအတန်းမှာဆိုရင်လည်း နှစ်ယောက်သားက တိုင်တိုင်ပင်ပင်နဲ့လုပ်လေ့ရှိကြပါတယ်။ ဒီနေ့လေးမှာတော့ စိန်ဖြိုးလှိုင်က .ဘယ်လိုကိစ္စတွေပဲကြုံကြုံ Positive ဖြစ်အောင်နေပါ၊

Positive ပဲတွေးပါဆိုတာ ဒီတစ်ခါမပါပါဘူး..🤪အခု နှစ်ယောက်လုံး COVID Positive ဖြစ်လို့ အိမ်တွင်းအောင်းနေရပြီ😁အားလုံးလဲသတိထားကြပါဦးနော်။ဘာမျိုးစိတ်မှန်းလဲ မသိတော့ပါဘူး။ 😅😅😅” ဆိုပြီးရေးသားလာခဲ့ပါတယ်နော်… ပရိသတ်ကြီးလည်း သူတို့ကို အားပေးစကားလေး ရေးပေးခဲ့ရင်း ကျန်းမာရေးကို ဂရုစိုက်ကြပါနော်..

Add a Comment

Your email address will not be published. Required fields are marked *